ရခိုင်ပြည်နယ် မောင်တောမြို့၌ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

မောင်တော စက်တင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်  ၁၀ နာရီအချိန်  အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ  လက်ထောက် ညွန်ကြား ရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာကြီးက အမှာစကားပြောကြားခဲ့သည်။ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ Grade-12 ကျောင်းသူ မမိုးသန္တာလင်းက “သတိပြုဆန်းစစ်ရမည့် လူမှုကွန်ယက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသား မောင်ဇော်ဌေးက “ပညာဖြင့် လူမှုဘဝ၊ ကျေးလက်ဘဝမြှင့်တင်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသူ မနွယ်နွယ်ကြည်က “လူငယ်စွမ်းပကား နိုင်ငံတော်ကအားထား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်မောင်စိုးက “အွန်လိုင်းရာဇဝတ်မှုနှင့် လိမ်လည်မှုတွေကို  ပူးပေါင်းတိုက်ဖျက်ပြီး နိုင်ငံ့ပုံရိပ်မြှင့်တင်ရမယ့်အချိန်” ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာအခြား ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်