နတ်မောက်မြို့၌ ပြည်သူ့နီတိနှင့် (၃၈)ဖြာမင်္ဂလာသိရှိမှု ဆန်းစစ်ချက်ဖြေဆိုပွဲအခမ်းအနား ကျင်းပ

နတ်မောက် စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့ပေါ်ရှိ အခြေခံပညာရေးကျောင်းများမှ ကျောင်းသား/သူများဖြင့် ပြည်သူ့နီတိနှင့် (၃၈)ဖြာမင်္ဂလာသိရှိမှု ဆန်းစစ်ချက်ဖြေဆိုခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဗလငါးတန်ဖွံ့ဖြိုးရေး၊ ယဉ်ကျေးလိမ္မာရှိစေရေးနှင့် စည်းကမ်းရှိသော ကျောင်းသား/သူများ ဖြစ်လာစေရန်အတွက် ဝန်ကြီးချုပ်၏ ကျောင်းသား/ လူငယ်များအတွက် ရည်ရွယ်ထုတ်ဝေသည့် ပြည်သူ့နီတိနှင့် (၃၈)ဖြာမင်္ဂလာအနှစ်ချုပ်ပြုစုထားသော လက်စွဲစာအုပ်ပါ သင်ရိုးများကို ကျောင်းသား/သူများ နားလည်တတ်စေရန်၊ သိရှိတတ်စေရန်နှင့် လိုက်နာတတ်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။ အဆိုပါ ဆန်းစစ်ချက်အား နတ်မောက်မြို့ပေါ်ရှိ အခြေခံပညာရေးကျောင်းများမှ ကျောင်းသား/သူ (၃၀)ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။

လှဝင်း