လယ်ဝေး စက်တင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန် ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေးရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စာရေးဆရာမဇင် (ရန်ကုန်တက္ကသိုလ်)၊ စာရေးဆရာသဘာဝ၊ ဆရာကျော်လွင်မြင့်(မှော်ဝန်း) ဆရာကျော်ဇော်(စမ်းချောင်း)၊ ဆရာမ မေချို(ပျဉ်းမနား)၊ ဆရာမချယ်ချယ်(YU)၊ ဆရာမ လုံမလေး(လူ/မှု)၊ ဆရာနွေဦးကိုကို၊ ဆရာမောင်သန်းညွန့်(မြစ်ခြေ)တို့နှင့် လယ်ဝေးမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာပေဝါသနာရှင်များက စာရေးဆရာစိုးတင့်(ဧရာဝတီ)၏ အမျိုးသားစာပေဆု၊ စာပဒေသာဆုရ ဖိုးထောင်ဇာတ်လမ်းစုံ စာအုပ်အား ဖတ်ရှု၍ ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝေကြည်( ပြန်/ဆက် )