နယ်ရုံးများ၏သတင်းများ

Sep 07,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက မူလတန်းအဆင့် ပုံပြင်ပြော ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 07,2023
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၇ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့( International Day of Clean Air For Blue Skies)ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
Sep 07,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေး‌နေ့အထိမ်းအမှတ်အကြို အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းခြင်း ဆောင်ရွက်ခဲ့သည်။
Sep 07,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်     စာရေးဆရာချစ်နိုင်(စိတ်ပညာ) ​ရေးသားသော အသက်နှစ်ဆယ်အရွယ်များသို့ စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌     စာဖတ်ဝိုင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 07,2023
တောင်တွင်းကြီးမြို့နယ်၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း အ.ထ.က.ခွဲ (ဝမ်တုံ)ကျောင်းနှင့် အ.ထ.က.ခွဲ (ဝမ်ပုံ)ကျောင်းတို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 07,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀) နာရီက မြိတ်တက္ကသိုလ်အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။