အမာမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

အမာ အောက်တိုဘာ ‌၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် အမာမြို့၊ အထကကျောင်းမှ မူလတန်းကျောင်းသား၊ ကျောင်းသူကလေးငယ်များကိုဖိတ်ခေါ်၍ ယနေ့နံနက် (၁၀) နာရီအချိန်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။

ကလေးအလုပ်သမားပ‌‌ ပျောက်ရေးအသိပညာပေး‌ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး‌ နော်လေးလီယန်က ကလေးသူငယ်အခွင့်အရေးများနှင့် လုပ်ငန်းရှင်များအတွက် ကလေးသူငယ်အခွင့်အ‌ရေးဆိုင်ရာမူများ အကြောင်းစသည်ဖြင့် ဟောပြောခဲ့ပြီး နံရံကပ်စာစောင်များတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ်နှင့်သက်ဆိုင်သော အသိပညာပေး နံရံကပ်စာစောင်များကိုပြသထားရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးပြီး ဆုရရှိသူများနှင့် တက်ရောက်လာသူ ကလေးငယ်များအားလုံးကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။

အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်များ ပြသခြင်းနှင့် စာအုပ်ပြပွဲများ၊ အသိပညာပေး Talk Show များ၊ ပြိုင်ပွဲများကို လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမာ (ပြန်/ဆက်)