နယ်ရုံးများ၏သတင်းများ

Aug 07,2023
ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
Aug 07,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်( ၁)အခြေခံပညာအထက်တန်း ကျောင်း၌ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းများကို ဩဂုတ် ၇ ရက်နံနက် ၉ နာရီက အဆိုပါ ကျောင်းခန်းမ၌ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 07,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကလောမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(လ-၁)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 07,2023
စစ်ကိုင်းတိုင်း​ဒေသကြီးအစိုးရအဖွဲ့ တိုင်း​ဒေသကြီး က​လေးအလုပ်သမားပ​ပျောက်​ရေး ဆိုင်ရာကော်မတီ၊​ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး​ပေး​ရေးလုပ်ငန်း​ကော်မတီနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စား​သောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယမန်​နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Aug 06,2023
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ရွှေတိုင်လွင်ရေးသားသော “ဆယ့်နှစ်လရာသီစာပန်းချီ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့၊ နေ့လယ် ၁ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 06,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဒေသခံတိုင်းရင်းသူများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန် ရည်ရွယ်၍ အဋ္ဌမကြိမ်မြောက် ပန်းအလှဆင်/ပန်းအလှပြင် (အခမဲ့)သင်တန်းကို လူထုအခြေပြုဗဟိုပြုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီခွဲက စတင်ဖွင့်လှစ်ခဲ့သည်။
Aug 05,2023
ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်ဌာနတို့ ပူးပေါင်းကျင်းပသော လျပ်စစ်ဓာတ်အား ချိုးခြံခြွေတာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကိုကိုးကျွန်းမြို့နယ်ခန်းမ၌ ကျင်းပသည်။
Aug 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယနေ့နံနက်က ခရိုင်မီးသတ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်း ပေးခဲ့ကြသည်။