တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်သာ အောက်တိုဘာ ၁၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က စာပေမြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ အောင်ကိုဦး ရေးသားသော ကတိစကားလေးတစ်ခွန်းစာအုပ်အား  စာဖတ်ဝိုင်းပြုလုပ်ရာ  အလေ့အကျင့်ကောင်းကို ပျိုးထောင်ပါအခန်းအား ဆွေးနွေးကြရာ လူဆိုတာက ကောင်းတဲ့ဖက်နဲ့မကောင်းတဲ့ဖက် မကောင်းတဲ့ဖက်ကိုပဲ အားသာတတ်ကြောင်း ဒါဟာသဘာဝပဲဖြစ်ကြောင်း အဲဒီလိုယိမ်းနေတဲ့စိတ်ကိုခိုင်လာဖို့ ကောင်းတဲ့ဖက်ကိုပဲ ဦးတည်ဖို့ဆိုတာ ချက်ချင်းတော့ မဖြစ်နိုင်ပါ တဖြည်းဖြည်းလေ့ကျင့်ယူရမှာဖြစ်ကြောင်း ပထမဦးဆုံး မနက်စောအိပ်ရာထပြီဆိုတာနဲ့ ချက်ချင်းထနိုင်အောင် လေ့ကျင့်ယူရမှာဖြစ်ကြောင်း ဒုတိယအချက်က ကိုယ်ဘဝအတွက် လေ့လာရမယ့်စာတွေ တိုးတက်ရာတိုးတက်ကြောင်း ဝမ်းစာဖြည့်မယ့်စာတွေကို တနေ့ဘယ်နှစ်နာရီလုပ်မလဲသတ်မှတ်ပြီး သတ်မှတ်ထားတဲ့အတိုင်း လုပ်နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တတိယအချက်ကတော့ တနေ့ကိုဂိမ်းဆော့၊ တီဗီကြည့် ကိုယ်နှစ်သက်ရာ စိတ်အပန်းဖြေမယ်ဆိုရင်လည်း နာရီသတ်မှတ်ပြီး (၁)နာရီပဲ လုပ်မယ်ဆို (၁)နာရီပြည့်တာနဲ့ ဘယ်လိုရပ်နိုင်အောင် စိတ်ပိုင်းဖြတ်နိုင်မလဲ ကြိုးစားလုပ်ရမည်ဖြစ်ကြောင်း အဲဒီလို အသေးအဖွဲလေးတွေကစပြီး စိတ်ကိုခိုင်မာလာအောင် တဖြည်းဖြည်း လေ့ကျင့်ယူရမည်ဖြစ်ကြောင်း ကောင်းတာကိုဖြစ်စေ မကောင်းတာကိုဖြစ်စေ တခုခုကိုစွဲစွဲမြဲမြဲ လုပ်ပါများလာရင် အကျင့်ဖြစ်လာတက်ပြီး အကျင့်တစ်ခုက ကြာလာရင် စရိုက်ဖြစ်လာကြောင်း ဒါကြောင့်ဒီနေ့ကစပြီး နာရီလက်တံလေးလိုပဲ တဖြည်းဖြည်းနဲ့ အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်ယူကြရမည်ဖြစ်ကြောင်း စသည်ဖြင့် အသီးသီး အပြန်အလှန်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)