ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ကျောက်ဖြူ စက်တင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား/ကျောင်းသူများအား အချိန်ကိုအလဟသ မကုန်ဆုံးစေဘဲ အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာအုပ်စာပေလေ့လာဖတ်ရှုခြင်းဖြင့် သိပညာဗဟုသုတများရရှိစေရန်နှင့် အများရှေ့တွင်ပြောရဲဆိုရဲပြီး စကားပြောစွမ်းရည် ကောင်းလာစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က ပြိုင်ပွဲပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်သတ်မှတ်ထားသည့် အမှတ်ပေး စည်းမျဉ်း/ စည်းကမ်းများကို  ပြိုင်ပွဲဝင်သူများသိရှိစေရန် ‌ရှင်းလင်းပြောကြားပြီး ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက ကြိုက်နှစ်သက်ရာပုံပြင်အသီးသီးဖြင့် စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ဆုရရှိခဲ့ကြသည့် အ.ထ.က(ခွဲ) အ.လ.က(၂)မြို့မကျောင်းမှ Grade – 6 ကျောင်းသား မောင်မြတ်သီဟထက်၊ Grade – 6 ကျောင်းသူ မဆုရတီလှိုင်နှင့်မဖူးငုံသင်းတို့အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း