ကလိန်အောင် အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများ ကာယ/ဉာဏစွမ်းရည်တိုးပွားစေရန် လူငယ်များနှင့်ဆိုင်သော ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်ခင်လဲ့က အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဉာဏ်ရည်/ဉာဏ်သွေးများထက်မြက်စေရေး၊ အားလပ်သည့်အချိန်များတွင် စာကြည့်တိုက်သို့လာရောက်၍ စာငှား/စာဖတ်ကြရန်၊ ဂိမ်းကစားခြင်း၊ ပြိုင်ပွဲများ ကျင်းပခြင်းများတွင် ပူးပေါင်းပါဝင်ကြစေရန်နှင့် စာကြည့်တိုက်သို့ စဥ်ဆက်မပြတ် ဝင်ထွက်သွားလာတတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ ကာယ/ဉာဏစွမ်းရည်တိုးတက်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၅)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)