ကွမ်းခြံကုန်းမြို့နယ်၌ (Community  Centre)ခန်းမတွင် ပုံပြောပြိုင်ပွဲကျင်းပ

ကွမ်းခြံကုန်း  အောက်တိုဘာ  ၁၄

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍  ပုံပြောပြိုင်ပွဲကို ယမန်နေ့က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community  Centre)ခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက ပြိုင်ပွဲပြုလုပ်ရခြင်းရွည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကျင်းပရာ တောင်ဘက်ပိုင်းရပ်ကွက်  အ-မ-ကကျောင်းမှ ကျောင်းသား/သူ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား   အမှတ်တရ  လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက်  ကျောင်းသား/သူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်းသိ ရသည်။

ဆွေနွယ်(IPRD)