ဟိုပန် အောက်တိုဘာ ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟိုပန်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နေ့လည် ၁ နာရီအချိန်က စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းကျင်မှုရှိစေရန်၊ မိမိရရှိသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်သည့် အလေအကျင့်များရှိစေရန် ပြောကြားခဲ့ပါသည်။
ထို့နောက် Book Club အဖွဲ့ဝင် ဦးဘောမ်ယိမ်းက “နောက်တစ်ချက်ထပ်ရိုက်ပါ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးစောရန်အောင်က “ကံရာဇာငယ်၏ အလှူမဏ္ဍပ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်သဲဟေမာကျင်အောင်က “ပဥ္စဝုဓမင်းသား၏ ဝရဇိန်လက်နက်ဖြင့်” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် အ.ထ.ကခွဲ(ရွေဝါ)မှ
ကျောင်းသား၊ ကျောင်းသူများကလည်း စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်