ကော့မှူး အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီက စာပေချစ်မြတ်နိုးသူများနှင့် Book Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့်နောင် တစ်ချိန်တွင် တိုင်းပြည်၏တာဝန်များ ကိုပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် အသိ ပညာ ဗဟုသုတတိုးပွားစေရန်၊ ကာယ၊ ဉာဏ၊စာရိတ္တ၊မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ စာပေချစ် မြတ်နိုးသူများနှင့် Book clubအဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် Book Club အဖွဲ့ဝင်ဦးမြလင်းကစာရေးဆရာမ ဇင် (ရန်ကုန်တက္ကသိုလ်)ရေးသားသည့် “အိပ်မက်ကောင်းကင်လူငယ် ဝတ္တုတိုများ “စာအုပ်ထဲမှ “စစ်မှန်သောချစ်ခြင်း မေတ္တာဖြင့်“ ခေါင်းစဉ်ဖြင့်လည်းကောင်း မောင်ညီညီအောင်က အိပ်မက်ကောင်းကင် ခေါင်းစဉ်ဖြင့် လည်းကောင်း၊မသီရိကိုကိုက အပစ်ပယ်ခံခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးမြလင်းကဦးဆောင်ဆွေးနွေးရာတွင် လူငယ်ဆိုတာ စူးစမ်းလေ့လာတတ်ကြတာသဘာဝဖြစ် ကြောင်း၊ ဒီအချိန်မှာသိပ်အရေးကြီးကြောင်း၊ အပေါင်းအသင်းကောင်းရင် တိုးတက်အောင်မြင်မှုရမည်ဖြစ်ပြီး အပေါင်းအသင်းမကောင်းရင် ဒုက္ခနွံထဲနစ်သွားတတ်ကြောင်း စသည့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ပြန်/ဆက်)