မိုင်းယောင်းမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းပေး

မိုင်းယောင်း  အောက်တိုဘာ  ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် အခြေခံပညာကျောင်းများတွင် စာအုပ်ငှားရမ်းပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး သုတစာအုပ်၊ ရသစာအုပ်၊ ရုပ်ပြစာအုပ်၊ မဂ္ဂဇင်းစာအုပ်၊ ဂျာနယ်/စာစောင် စသည့် စာအုပ်ပေါင်း ၉၀ ကျော်အား အခမဲ့ ငှားရမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း