နယ်ရုံးများ၏သတင်းများ

Sep 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၉:၃၀) နာရီက အ-ထ-ကကျောင်း ပညာရတနာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 08,2023
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုးပညာရေးဒီဂရီကောလိပ်မှ စီစဉ်ကျင်းပသည့် လူငယ်သီတင်းပတ်တွင် စာအုပ်ဈေးရောင်းပွဲအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးမှ  စာပေဗိမာန်ထုတ်စာအုပ်များကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
Sep 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရေးရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၉ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
Sep 08,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်းပြီး ယနေ့ခေတ် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းလွန်စာသင်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၁) နာရီ (၄၀) အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Sep 08,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ မူလွန်ပုံအံ့‌ကျောင်းဝန်း၌ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာ‌ရေးနှင့်လူငယ်တို့နှင့်ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီ ၁၅ အချိန်က လူငယ်စကားဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 07,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့မ(၂)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ကျောင်းစာအပြင် ပြင်ပစာပေများဖြင့် ဗဟုသုတများ ရရှိစေရန်အတွက်ရည်ရွယ်ကာ စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 07,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ပန်းချီနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။