ကျောက်ဆည် နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး မျိုးဆက်သစ်ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်(၉)နာရီက ကျောက်ဆည်မြို့ အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းသို့ နယ်လှည့်အသိ ပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁၇) အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာကြီး ဦးရဲသူက ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ သက်မွေးဘက်စုံပညာရေး စနစ်ဖြစ်သည့်အတွက် ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရေး ဆောင်ရွက်ရမှာဖြစ်ကြောင်း အမှာစကားပြောကြားပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာပေမြင့်မှလူမျိုးတင့်မည်၊ အလိမ္မာစာမှာရှိ၊ ပညာရဲရင့်ပွဲလယ်တင့်စေရန်နှင့် စာပေဖတ်ရှု ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ရသစာအုပ်များ ဖတ်ရှုလေ့လာကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
တင်တင်ထွေး