မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ

မန္တလေး နိုဝင်ဘာ ၂

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာမူလွန်အမှတ်(၂၀)ကျောင်းတို့ ပူးပေါင်း၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာအုပ်၊စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီတွင် ကလေးစာဖတ်ခန်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသားလူငယ်များ အနုပညာကိုချစ်မြတ်နိုးတတ်စေရန်၊ ပန်းချီအရောင်မှန်ကန်စွာ ရွေးချယ်အသုံးချတတ်စေရန်၊ ဉာဏ်ရည်ပွင့်လန်းမြင့်တက်စေရန်၊ စာအုပ်စာပေလေ့လာဖတ်ရှုပြီး အမှား၊အမှန်ကို ဝေဖန်ပိုင်းခြားတတ်သော နိုင်ငံ့သားကောင်းများဖြစ်လာစေရန် အစရှိသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်သည်။

အဆိုပါစိတ်ကြိုက်ပန်းချီပြိုင်ပွဲသို့ ကျောင်းသား၊ကျောင်းသူ(၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်