နယ်ရုံးများ၏သတင်းများ

Sep 22,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် (Book Club) အသင်းနှင့်လူငယ်များက စာရေးဆရာ ဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)မှ ရေးသားသော “ကလေးကျန်းမာရေး အမေးအ‌ဖြေ” စာအုပ်ဖြင့် ဆွေးနွေးပွဲကို ယ‌နေ့ နံနက် (၁၀) နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
Sep 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းတည့်(၁၂)နာရီခွဲက စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် လူငယ်အသင်း (Youth Club) တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက သဗ္ဗညုမူလွန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 22,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက် လျှပ်စစ်/ဆိုလာ မြစ်ရေတင်မှ ပေးလွှတ်သော ဆိုလာ/လျှပ်စစ်မြစ်ရေတင်ရေဖြင့် မိုးစပါး ဧက ၁၅၁ ဧက စိုက်ပျိုးပြီးစီးပြီး ဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။
Sep 22,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် သတင်းဗီဒီယိုများ ပေးပို့ရာတွင် အခြေခံသဘောတရားများကို သိရှိနားလည်ပြီး လက်တွေ့အသုံးပြုတတ်စေရန်ရည်ရွယ်၍ Mobile ဖုန်းဖြင့် သတင်းဗီဒီယိုတည်းဖြတ် ပေးပို့နည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Sep 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် လူငယ်များအသိပညာတိုးပွားရေး၊ နိုင်ငံတော်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် ပြင်ပစာပေများကို လေ့လာကြည့်ရှု၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး စာအုပ်ပြပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ မန်ကန်မြို့၊ အခြေခံပညာမူလတန်းလွန်းကျောင်း(မန်ပန်)တွင် သွားရောက်ဆောင်ရွက်ခဲ့သည်။
Sep 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ နံရံကပ်ပြဘုတ်များတွင် ပြသထားရှိကြောင်း သိရသည်။