နယ်ရုံးများ၏သတင်းများ

Oct 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်နှင့်  အသိပညာဗဟုသုတိုးပွားလာစေရန်အတွက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း နားမွန်းကျောင်းတွင် လူငယ်၊ လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ဗလငါးတန် ပြည့်စုံစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Oct 13,2023
တောင်ပြိုလက်ဝဲမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် တောင်ပြိုလက်ဝဲမြို့ အခြေခံပညာကျောင်းများသို့ သွားရောက်၍ စာအုပ်၊စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။
Oct 12,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က စာပေမြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် အမာမြို့၊ အထကကျောင်းမှ မူလတန်းကျောင်းသား၊ ကျောင်းသူကလေးငယ်များကိုဖိတ်ခေါ်၍ ယနေ့နံနက် (၁၀) နာရီအချိန်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။
Oct 12,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား/ကျောင်းသူများအား အချိန်ကိုအလဟသ မကုန်ဆုံးစေဘဲ အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာအုပ်စာပေလေ့လာဖတ်ရှုခြင်းဖြင့် သိပညာဗဟုသုတများရရှိစေရန်နှင့် အများရှေ့တွင်ပြောရဲဆိုရဲပြီး စကားပြောစွမ်းရည် ကောင်းလာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။
Oct 12,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတရရှိစေရန်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များကို ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် စာအုပ်စာစောင် များကိုငှားရမ်းပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများအား သုတ/ရသ စာအုပ်/စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Oct 12,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အနိုင်ပွန်ကျေးရွာ မူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။