နယ်ရုံးများ၏သတင်းများ

Oct 12,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်ရှိ အ.မ.က (သိမ်ငူ) ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
Oct 12,2023
ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လသာမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဗဟိုစံပြခန်းမဆောင်တွင် ကျင်းပခဲ့သည်။
Oct 12,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား‌/သူများ ကာယ/ဉာဏစွမ်းရည်တိုးပွားစေရန် လူငယ်များနှင့်ဆိုင်သော ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
Oct 12,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊​ သာကေတမြို့နယ် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၌ နိုင်ငံတော်၏အနာဂတ်ကို လက်ဆင့်ကမ်းပုခုံးပြောင်းတာဝန်ယူကြမည့် ကျောင်းသားလူငယ်များမှ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
Oct 12,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဇမန်းသာကျေးရွာ အ.မ.က(လွန်) ကျောင်းသို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Oct 12,2023
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မူလတန်းလွန်ကျောင်း (မြို့တောင်) ၌ ကျင်းပခဲ့သည်။
Oct 11,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၁၃၈) မူလွန်၊ အောင်ချမ်းသာကျောင်း၌ ကျင်းပခဲ့သည်။