နယ်ရုံးများ၏သတင်းများ

Nov 08,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတတိုးပွားပြီး ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာပေသိမှတ် ဖွယ်ရာများ အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 08,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က စာပေမြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 08,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များလိုက်လံ ငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။
Nov 07,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မှန်တန်းတိုက်နယ်အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)စံပြကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှကလူငယ်ရေးရာအကြောင်းနှင့် မူးယစ်ဆေးဝါး အသိပညာပေးများကို ဟောပြောခဲ့ကြောင်း သိရသည်။
Nov 07,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ‌ ပါမောက္ခ ဦးခင်မောင်သန်း၏ မိသားစုနှင့် ဆယ်ကျော်သက်အရွယ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
Nov 07,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ယာဥ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေလယ်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
Nov 06,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် စာပေဗဟုသုတရှာမှီးနိုင်စေရန်အတွက် မိုဘိုင်းရွေ့လျားယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အ-ထ-ခွဲ(၂၉) ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Nov 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် အရောင် အသွေးများခြားသိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယနေ့နေ့လယ် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။