နယ်ရုံးများ၏သတင်းများ

Feb 27,2020
လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးအတွက် ဂန့်ဂေါခရိုင်၊ ကျောမြို့အထွေထွေ‌အုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့နံနက်က ကွန်ပျူတာပညာသင်တန်း ဖွင့်ပွဲပြုလုပ်ရာ ကျောမြို့ အုပ်ချုပ်ရေးမှူး ဦးမြတ်ဌေးဦးက အမှာစကားပြောကြားသည်။
Feb 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ဗီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့နည်း ဆင့်ပွားပို့ချမှုသင်တန်းအား ယနေ့နံနက်(၁၀)နာရီတွင် တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရ သည်။
Feb 27,2020
ဂန့်ဂေါမြို့ မြို့မရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီ က အေးသုတစာကြည့်တိုက်ဖွင့်ပွဲကို အဆိုပါစာကြည့်တိုက်ရှေ့တွင် ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေး၊ စာကြည့်တိုက် အဆောက်အဦး အလှူရှင် အထက်တန်းကျောင်းအုပ်ဆရာမကြီး (ငြိမ်း) ဒေါ်အေးဟန်၊ မြို့မိမြို့ဖ ဦးနိုင်ဦးတို့ က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။
Feb 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ပျံ့ပွားလာခြင်းမရှိစေရန်နှင့် ပြည်သူလူထုများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် (၁၀)နာရီအချိန် တွင် မုံးကိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးလွင်၊ ဒေါက်တာဒီးအောင်နှင့် ဌာနဆိုင်ရာများဝိုင်းဝန်းပူးပေါင်းပြီး ရွေ့လျားအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သည်။
Feb 27,2020
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ "ကျေးလက်ဒေသဖွံ့ဖြိုးရေး"ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က မယ်ဇလီကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 27,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူ့စကားဝိုင်း (ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19)ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဖေဖော်ဝါရီ ၂၈ရက် နေ့လယ် ၁၁နာရီခွဲ အချိန်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
Feb 27,2020
ယနေ့ကမ္ဘာနိုင်ငံတစ်ချို့တွင်ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် 2019-nCoV(အဆုတ်ရောင်) ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ဝင်ရောက်ကူးစက်ပျံ့ပွားမှုမရှိစေရေး မြန်မာ-ထိုင်းနယ်စပ် အဝင်/အထွက်ဂိတ် ရှိသည့် ကော့သောင်းမြို့တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဖက်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကျန်းမာရေးဆိုင်ရာ NGO အဖွဲ့အစည်းများ ပူးပေါင်းကာ တားဆီးကာကွယ်ရေးလုပ်ငန်းနှင့် အသိပညာပေးလုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Feb 27,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်သူ့ဝန်ဆောင်မှု (OSS)လုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီခွဲက ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာသို့ သွားရောက်ပြီး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။