ရန်ကုန် ဖေဖော်ဝါရီ ၂၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူ့စကားဝိုင်း (ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီ ၂၈ရက် နေ့လယ် ၁၁နာရီခွဲ အချိန်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲတွင် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းသန်း၊ ကျန်းမာရေးမှူး အဆင့်(၁) ဦးအောင်ဇော်ထက်၊ ကျန်းမာရေးမှူး အဆင့်(၃) ဦးသက်ဦးမောင်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝတ်ရည်လှိုင်တို့က ဦးဆောင်ဆွေးနွေးကြမည်ဖြစ်ပြီး မည်သူမဆို လာရောက်ဆွေးနွေးနိုင်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)