နယ်ရုံးများ၏သတင်းများ

Feb 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာဗဟုသုတ ကြွယ်ဝစေရန် သက်ကြီး စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ငါးမျိုးစိုက်ထည့်ခြင်းကို လေးထောင့်ကန်ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီးဘေးရှိ သုံးခွရပ်ကွက်နှင့် လေးထောင့်ကန်ရပ်ကွက် တော်ခရားချောင်းအတွင်း၌ ယနေ့ နံနက် ၈ နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
Feb 27,2020
ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်း ခေတ်မီ စာကြည့်တိုက်တွင် ယနေ့နံနက်ပိုင်းက “အာဆီယံ-ကိုရီးယား စာအတူဖတ်စို့လား” အစီအစဉ် အတွက် အသံထွက်၍ စာဖတ်ပြခြင်း သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Feb 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာပေချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်းကျင်းပသော စိတ်ကြိုက်ကဗျာရွတ်ဆိုပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအ‌ခြေပြုဗဟိုပြုဌာန (Community Centre)၌ ကျင်းပခဲ့သည်။
Feb 27,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ပြည်သူများအား သွားဘက်ဆိုင်ရာ ကျန်းမာရေးများကို အခမဲ့ ကုသပေးခဲ့ကြောင်း သိရသည်။
Feb 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နေ့လယ်ပိုင်းက ရှမ်းရေကျော်ကျေးရွာ၊ ဓမ္မာရုံ၌ ကျေးရွာသူ/သားများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် နယ်လှည့်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲများကို ဆောင်ရွက်ခဲ့ သည်။
Feb 27,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းသား၊ ကျောင်းသူများအား ကိုရိုနာဗိုင်းရပ်စ်အကြောင်းအသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ၂၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။