ခရမ်း ဖေဖော်ဝါရီ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး Budget ဖြင့် ဆောင်ရွက်နေသည့် ခရမ်း - ကရင်ကန် ဆက်သွယ်ရေးလမ်း ကွန်ကရစ်ခင်းကျင်းနေမူများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှူစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှတိုး မြို့နယ်ကျေးလက်လမ်းဦးစီးမှူးနှင့် တာဝန်ရှိသူများ လမ်းဖြစ်မြောက်ရေးကော်မတီဝင်များက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးBudget ဖြင့်ဆောင်ရွက်လျှက်ရှိသည့် ခရမ်း - ကရင်ကန် ဆက်သွယ်ရေးလမ်း ကွန်ကရစ်ခင်းကျင်းနေမူများကို ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။
ကိုမင်း( ခရမ်း)