သုံးခွမြို့နယ်ရှိ ကျောင်းသား/ကျောင်းသူ သုံးဦးလူရည်ချွန်ရွေးချယ်ခြင်းခံရ

သုံးခွ  ဖေဖော်ဝါရီ  ၂၈

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် အခြေခံပညာအဆင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ ခရိုင်အလိုက် လူရည်ချွန်ရွေးချယ်ခံရသူများစာရင်းကို သက်ဆိုင်ရာမှထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်မှ ကျောင်းသားသုံးဦး ရွေးချယ်ခံရကြောင်း သိရှိရသည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ခံရသူများမှာ မခင်ချောစု(အဋ္ဌမတန်း အ.ထ.က၂)၊ မောင်စိုးဝင်းနိုင် (နဝမတန်း အ.ထ.က၂)၊ မသိင်္ဂီသန့်(ဒသမတန်း အ.ထ.က ၁)တို့ဖြစ်ပြီး မောင်စိုးဝင်းနိုင်သည် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် ရွေးချယ်ခံခဲ့ရပြီး ယခုနှစ်တွင် ထပ်မံရွေးချယ်ခံရသဖြင့် နှစ်ထပ်ကွမ်းလူရည်ချွန်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးဒေါ်သန်းသန်းမြင့်ထံမှ သိရသည်။

စည်သူလင်း (ပြန်/ဆက်)