ဒဂုံ ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက် ၌ အသက်(၆)လမှစ၍ (၅)နှစ်အောက်ကလေးများ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျောရောဂါ ကင်းဝေစေရန်နှင့် ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးစေရန်အတွက် ဗီတာမင်အေ၊ သန်ချဆေး တိုက်ကျွေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးခြင်းတို့ကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဆရာမ ဒေါ်ပိုးမီက ကာကွယ်ဆေးမတိုက်ကျွေးမီ ကလေးငယ်တစ်ဦးချင်း အလိုက် ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ လက်မောင်းပတ် တိုင်းတာပေးခြင်းနှင့် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတတ်သော ပြင်းထန်ရောဂါလက္ခဏာများ၊ ရောဂါဖြစ်ပွားမှုမရှိစေရန် ကာကွယ်ရမည့်အချက်များကို အသေးစိတ်ရှင်းလင်းပေးပြီး ကလေးငယ်(၁၁)ဦးတို့အား ဗီတာမင်အေနှင့် သန်ကျဆေးတိုက်ကျွေးပေးသည်။
ထိုနောက် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)