ကမာရွတ် ဩဂုတ် ၁၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ များ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် စာရေးဆရာကျော်ဝင်း ရေးသားသော “နှစ်ဆယ့်တစ်ရာစု သားရွှေဉ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Center)တွင် ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စိမ်းလဲ့က စာဖတ်ဝိုင်း ကျင်းပ ရခြင်း၏ ရည်ရွယ်ချက်များပြောကြားပြီး Book Club အဖွဲ့ဝင်တစ်ဦးမှလည်း နှစ်ဆယ့်တစ်ရာ စုသားရွှေဉ စာအုပ်တွင် လူငယ်များနှင့် ပတ်သက်၍ ကိုယ်စိတ်နှလုံး ဝိဉာဉ်များကို ပြုမူနေထိုင်ကျင့်ကြံ တတ်စေရန် ရေးသားထားကြောင်း၊ ဇွဲမလျှော့ဘဲ ကြိုးစားမည် ဆိုပါက အောင်မြင်မည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူ ပရိတ်သတ်တစ်ဦးမှ လည်း တက်ကြွပါ၊ ကြွတက်တာ မဖြစ်စေနဲ့ လဲရင်ပြန်ထ၊ ကြောက်စိတ်ကို အနိုင်ယူ၊ အကောင်းအဆိုးခွဲခြား နားနှစ်ဖက်နှင့် ပါးစပ် တစ်ပေါက် တောင်ကြီးသုံးလုံးစသည့်အကြောင်းအရာတို့ကို ဝိုင်းဝန်း ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ အဖွဲ့ဝင်(၁၁)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)