ဒဂုံ ဩဂုတ် ၁၉
စာပေဝါသနာပါသူ၊ စာဖတ်ဝါသနာပါသူများ လက်ဝယ်အရောက် စာပေဖတ်ရှုနိုင်ရေးအတွက် (Mobile Library) ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူလူထုစာပေနှင့် စဉ်ဆက် မပြတ်နေစဉ်ထိတွေ့ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလ အတွင်း စာပေဖတ်ရှုနိုင်ရန် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြင့် စာဖတ်သူလက်ဝယ်အရောက် စာပေဖတ်ရှုနိုင်ပြီး မြို့နယ်ရုံးစာကြည့်တိုက်သို့ မလာရောက်နိုင် သော ဝန်ထမ်းများအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ စာအုပ် များ ငှားရမ်းရာတွင်လည်း စာဖတ်သူစိတ်ဝင်စားဖွယ် သုတ/ရသစာအုပ်များကို သယ်ယူငှားရမ်းပေးခြင်း ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
မာမာရွှေ(ပြန်/ဆက်)