အလုံ သြဂုတ် ၁၉
ရန်ကုန်အနာက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ် ၁ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင် ငှားရမ်းပေးခြင်းကို မိမိတို့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ် ဝါသနာရှင်များ စာအုပ်စာပေဖတ်ရှုနိုင်စေရန်၊ စာကြည့်တိုက်ကို ပိုမိုအသုံးပြုစေရန်၊ စာအုပ်စာစောင်ဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် အတွက် စီမံကိန်းရေးဆွဲရေး ဦးစီးဌာန ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို နှစ်ပတ်လျှင် (၁)ကြိမ်ဖြင့် အသစ်လဲလှယ် ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)