မေတ္တာ ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက် (၁၀) နာရီက အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်ပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ကြေညာချက်များ၊ (၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်းသိကောင်းစရာများ၊ နေရပ်ဒေသပြောင်းရွှေ့နေထိုင်သူများနှင့် အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ရောက်ရှိနေသူများ မဲပေးနိုင်ရန်ဆောင်ရွက်ရမည့်အချက်များ၊ မဲဆန္ဒရှင်စာရင်း ကြည့်ရှုရန်နှိုးဆော်ချက်များ၊ မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်း၊ အဖြေများနှင့် ကိုဗစ်-၁၉ရောဂါ အသိပညာပေးစာစောင်တို့ကို ထည့်သွင်းပြသထားကြောင်း သိရသည်။
ရန်နောင်စိုး - မေတ္တာ (ပြန်/ဆက်)