ကော့သောင်း ဇူလိုင် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါနံရံကပ်စာစောင်ပြပွဲတွင် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ အတ္တုပ္ပတ္တိများ၊ ကဗျာ၊ ဆောင်းပါးများ စသည့်အကြောင်းအရာများနှင့် လူငယ်များ အသိပညာဗဟုသုတများ ရရှိစေသော သုတနှင့်ရသစာအုပ်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)