Jul 13,2024
မကွေးဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများ အသိပညာဗဟုသုတတိုးပွားစေ၍ ဗလငါးတန်ပြည့်စုံပြီး ဘက်စုံထူးချွန်သော အနာဂတ်လူငယ်လူရွယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက နန်းတော်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ ကျင်းပပြုလုပ်ခဲ့သည်။