နယ်ရုံးများ၏သတင်းများ

Aug 20,2020
ပဲခူးခရိုင် ပဲခူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် စာအုပ်စာစောင်များ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန်အတွက် နယ်လှည့်စာငှါးဝန်ဆောင်မှု Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပဲခူးခရိုင်ရုံးမှ ဝန်ထမ်းများက ယမန်နေ့နေ့လယ်ပိုင်းတွင် ခရိုင်စာရင်းစစ်ဦးစီးဌာနနှင့် မြို့နယ်စာရင်းစစ်ဦးစီးဌာနသို့ သွားရောက်ဝန်ဆောင်မှုပေးခဲ့ကြသည်။
Aug 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်း က သံလွင်မြစ်နှင့် နမ့်တိန်ချောင်း ရေမြင့်တက်လာမှုကြောင့် ကုန်းညောင်ကျေးရွာ၊ ကောင်းကျဲကျေးရွာနှင့် နမ့်ဟူးကျေးရွာရှိ လယ်ယာစိုက်ခင်းများ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။
Aug 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အစားအသောက်ထုတ်လုပ်ခြင်းနှင့် လက်လီလက်ကားရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်း ကဏ္ဍများရှိ ကလေးလုပ်သားစစ်တမ်းကောက်ယူခြင်းကို ယမနေ့နံနက် ၁၀ နာရီ က ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်း၌ ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။
Aug 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ယမန်နေ့နံနက် (၉) နာရီ အချိန် က ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ဘိုး၊ စိုက်ပျိုးစရိတ်ထောက်ပံ့ပေးအပ်ပွဲ ကျင်းပသည်။
Aug 20,2020
ရှမ်းပြည်နယ် တာလေမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မြို့နယ်လုံးကျွတ်မဲဆန္ဒရှင်စာရင်း လွှဲမှားမှုမရှိစေရန် တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီအချိန်က စတင်ဆောင်ရွက် လျက်ရှိသည်။
Aug 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရာ၌ အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ဟိုပုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၌ ယမန်နေ့နံနက် ၉ နာရီ အချိန်က နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
Aug 20,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့အတွင်း ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေးအတွက် ဌာနဆိုင်ရာများစုပေါင်း၍ အုပ်စုဖွဲ့ကာ မဲစာရင်းနှင့် မဲဆန္ဒရှင်စာရင်း တစ်အိမ်တက်ဆင်း စိစစ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်း က ကျိုင်းလပ်မြို့ပေါ်နှင့် ကျေးရွာအုပ်စု ၃ အုပ်စု၌ စတင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Aug 20,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိပါသည်။