နယ်ရုံးများ၏သတင်းများ

Sep 04,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေးကော်မတီမှ အင်တောတိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာ၊ တိုက်နယ်ကျန်းမာရေးဌာန နှင့်ဝန်ထမ်းအိမ်ရာများ တည်ဆောက်နေမှုကို ယမန်နေ့ညနေ ၃ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
Sep 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း သင်တန်းပို့ချချက်ကို ယနေ့နံနက် (၉)နာရီ က မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆီဆိုင်မြို့အဝင်ပေါက်၌ ဝင်/ထွက်သွားလာသော ရဟန်းရှင်လူမိဘပြည်သူများအား နေ့စဉ်မပြတ်ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသော ပြည်သူများအား ဒဏ်ကြေးပေးဆောင်စေခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် အသိပညာပေးလုပ်ငန်းများ နေ့စဉ်မပြတ် ဆောင်ရွက်လျက်ရှိသည်။
Sep 04,2020
တောင်ငူ၌ ကိုဗစ်-၁၉ အတည်ပြုလူနာ လူနာအမှတ် (၆၀၆) တစ်ဦး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် နောက်ပိုင်း မြို့နယ်ရှိ ဒေသခံပြည်သူများ ၊ ခရီးသွားလာကြ သူများ နေအိမ်ပြင်ပသို့ ထွက်ခွာလျှင် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာ လျက်ရှိနေပြီဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက မြို့ခံနေထိုင်သူများ၏ ပြောကြားချက်အရ သိရှိရသည်။
Sep 04,2020
ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာ ဗဟုသုတရရှိ​စေရန်အတွက် စာကြည့်တိုက်များတွင် စာအုပ်များ အခမဲ့ဖတ်ရှုငှားရမ်း​ပေးခြင်း၊ အထိမ်း အမှတ်​နေ့များတွင် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခြင်း၊ ပညာဒါနသင်တန်းများ ဖွင့်လှစ်​ပေးခြင်းတို့ကို​ဆောင်ရွက်​ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ပြည်သူများ မိမိအိမ်မှပင် အသိပညာဗဟုသုတရရှိ​​စေသည့် “အွန်လိုင်း အသိပညာ​ပေးအစီအစဉ်” များကို ​ကျောက်တံတားမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တင်ဆက်ပေးလျက်ရှိ သည်။
Sep 04,2020
ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တလုတ္ထော်(Knowledge Center)နယ်မြေရှိ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများတွင် ပိုးမွှားကျရောက်မှု ရှိ/မရှိကို ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 04,2020
ကချင်ပြည်နယ်၊ ဆဒုံးမြို့၌ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ် အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်​ ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ကျေးလက်ဆေးပေးခန်း၌ ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 04,2020
ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း   ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန်  အသိပညာပေး  Mask  Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်၉ နာရီက