နယ်ရုံးများ၏သတင်းများ

Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ဇလွန်မြို့ အဝင်ဂိတ်တွင် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၄ အချိန်တွင် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ ပြုလုပ်သည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ကိုဗစ်-၁၉ ရောဂါကူး စက်ပြန့်နှံ့မှုများ မရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်ရမည့်သူများအား သီးခြားစောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက် သွားရန်အတွက် Quarantine Centre အဖြစ် ထားရှိမည့် အမာမြို့၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ရှယ်လ်တာအဆောက်အဦအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို ယမန်နေ့ မွန်းလွဲ (၁၂) နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်အသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းတွင်ဆောင်ရွက်ခဲ့သည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာလစီးပွားရေး ကုစားမှုအစီအစဉ်အရ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မှ စတင်၍ တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် အိမ်တိုင်ရာ ရောက်အဖွဲ့ခွဲ၍ ထောက်ပံ့ ပေးလျက်ရှိကြောင်းသိရသည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် ရေးလုပ်ငန်းအတွက် Shelter(၁၅)လုံးတွင် လက်ဆေး ဘေစင်နှင့် ဆက်စပ်လုပ်ငန်းများပြုလုပ်ရန် ထောက်ပံ့ငွေ(၂၂၅)သိန်း ပေးအပ်ပွဲကို ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ အချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးနှင့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်း ဖြင့် စားသုံးသူများအနေဖြင့် ရိုးရှင်းသောသတင်းအချက်များ ရရှိစေရန် ရည်ရွယ်၍ မြို့ပေါ် ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးရှိ စတိုးဆိုင်နှင့် အလှကုန်ဆိုင်များအား ယမန်နေ့ နံနက် ၉ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ဘက်ရဲ့မြို့အတွင်းရှိ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားမှုများကို ယမန်နေ့ နံနက်ပိုင်းတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။