နယ်ရုံးများ၏သတင်းများ

Sep 07,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ စက်တင်ဘာလ ၅ ရက်နေ့ညနေ (၆)နာရီအချိန် က(၁၁)ဦး နှင့် ယမန်နေ့မွန်းလွဲ (၃)နာရီခွဲအချိန် က (၃)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၁၄)ဦးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်အကြို ဆင့်ပွားသင်တန်းကို ယမန်နေ့တွင် ငရုတ်ကောင်းမြို့(အထက)ရှိ ရွှေရတုခန်းမ၌ ကျင်းပ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 07,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်အကြောင်းများ အသိပညာပေးခြင်း၊ ရှောင်ရန်/ဆောင်ရန်များအား ပအိုဝ်းဘာသာစကား၊ ရှမ်းဘာသာစကား၊ မြန်မာဘာသာစကားဖြင့် လှည့်လည်ဆော်ဩပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန် လက်ကမ်းစာစောင်များ၊ လူစည်ကားရာနေရာများ၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးပိုစတာနှင့် ဗွီနိုင်းများကပ်ခြင်း၊ စိုက်ထူခြင်းများအား စက်တင်ဘာလ ၅ ရက်နေ့ နံနက်(၉:၀၀)နာရီ အချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 07,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ၏ ဒသမအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၅ ရက် နေ့လည်က ရွှေမြင်ထင် မွေတော်မြောက်ကျောင်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ဘက်စုံအဆင့်မြင့်နည်းပညာဖြင့် စိုက်ပျိုးသည့် တောင်သူ ဒေါ်နန်းသန်းသန်းဌေး ၏ လယ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု COVID-19 Economic Relief Plan (CERP) အစီအစဉ်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင် က ဦးဆောင်၍ ဝန်ထမ်းများမှ ယမန်နေ့ ညနေ ၃ နာရီ က မျိုးသန့်ပွား၊ မျိုးစေ့ထုတ် စိုက်ခင်းများအား ဖြစ်ထွန်းအောင်မြင်ရန်အတွက် အပင်သက်တမ်းအလိုက် ထည့်သွင်းရမည့် မြေသြဇာထည့်သွင်းမှု နည်းစနစ်များအား အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ တောင်ကြီး- မိုင်းရှူးကားလမ်း၊ လားရှိုး-မိုင်းရှူး သွားကားလမ်းပေါ်ရှိ မိုင်းရှူးမြို့နယ် နားစံကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးရေးဂိတ်အား သြဂုတ်၃၁ရက်နေ့မှ စတင်၍ ကျန်းမာရေးစစ်ဆေးရေး ဂိတ်ပြန်လည်ဖွင့်လှစ်ခဲ့ရာ လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။