Aug 18,2020
သြဂုတ်လ(၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းတာချက်အရ ဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၂၉၀၀)၊ ထက်ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး၊ နောက်(၂)ရက် အတွင်း ယင်းရေအမှတ်ထက် ပေဝက်ခန့်သို့ ဆက်လက်မြှင့်တက် လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။