နယ်ရုံးများ၏သတင်းများ

Sep 03,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတား မြို့နယ်အတွင်းနေထိုင်သော ကိုယ်ဝန်ဆောင်မိခင်များအား COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှကိုယ်ဝန်ဆောင်မိခင်တိုင်းကိုထောက်ပံ့ခြင်းတစ်ကြိမ်တည်း၃၀၀၀၀(ကျပ်သုံးသောင်းတိတိ)ထောက်ပံ့ရန်အတွက်(Ngwe Bike)  Application ကို Downloand ဆွဲ၍ စာရင်းသွင်း ဝန်ဆောင်မှုကို ယ​​နေ့ နံနက်ပိုင်းက အမှတ်(၇) (၈)(၉))ရပ်ကွက်များ တွင် ဆောင်ရွက် ပေးခဲ့ကြောင်းသိရှိရသည်။
Sep 03,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျေးရွာစာကြည့်တိုက်များသို့ သွားရောက်၍ စာကြည့်တိုက်များရှင်သန်ရေး ဆွေးနွေးခြင်းနှင့်စာအုပ်များ လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီကကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Sep 03,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၂) နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်း လုပ်ငန်းများကို (၄၉) ရပ်ကွက်နှင့် (၅၁) ရပ်ကွက် ဓမ္မာရုံတို့တွင် ယနေ့ နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 03,2020
စိုက်ပျိုးရေး၊မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖောက်လုပ် လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းများဆောင်ရွက်ပြီးစီးမှုများကို စက်တင်ဘာ ၂ ရက် နေ့က နေပြည်တော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်၊ ဒုတိယ ညွှန်ကြားရေးမှူး(နည်းပညာ)ဦးတင်မောင်အေးနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
Sep 03,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို
Sep 03,2020
ကချင်ပြည်နယ်ရှိ ရော်ဘာစိုက်ပျိုးမည့် တောင်သူများသို့ မက္ကားဒေးမီးယား ဖူးဆက်ပျိုးပင် (၅၀၀)ပင်အား စီမံကိန်းရန်ပုံငွေဖြင့် အခမဲ့ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် ‌ရော်ဘာအခြေခံ ဘက်စုံ သီးနှံ စိုက်ခင်းကွင်း သရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုး‌ရေးခြံ(နောင်နန်း)၌ ပေးအပ်ခဲ့ကြောင်းသိရသည်။
Sep 03,2020
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများ အိမ်အပြင်ထွက်ခွာရာတွင် Mask တပ်ဆင်သည့် အလေ့အထရရှိစေရေးပြီး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် COVID-19 ရောဂါ ကြိုတင်ကာကွယ် နိုင်ရန် ရည်ရွယ်၍ လမ်းသွား ၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်း