နယ်ရုံးများ၏သတင်းများ

Sep 04,2020
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် အခြေခံ ငါးဆေးထိုးသားဖောက်ခြင်းနှင့် ငါးမွေးမြူရေး နည်းပညာဆိုင်ရာ သင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 04,2020
​ကျောက်တံတားမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနသည် ကိုဗစ်-၁၉​ရောဂါ ဖြစ်ပွား​နေသည့် ကာလအတွင်း အများပြည်သူများ မိမိအိမ်မှပင် အသိပညာဗဟုသုတ ရရှိ​စေမည့် အစီအစဉ်ကောင်းများကို ​ကျောက်တံတားမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင်” အွန်လိုင်းအသိပညာ​ပေး အစီအစဉ်များ”အဖြစ်​ ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။
Sep 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မြိုနယ်စည်ပင်သာယာရေးအဖွဲ့ပိုင် လိုင်စင်ချထား ပေးသော စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားမှုများကို ယမန်နေ့ နံနက်ပိုင်းတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 04,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း ကို ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
Sep 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်၊ ထိန်းချုပ်နိုင်ရေး mask တပ်ဆင်ခြင်း မရှိသူများကို ယခုဝယ် ယခုတပ် စနစ်အရေးယူဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ အချိန် တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 03,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ် -၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု အဖြစ်နှာခေါင်းစည်းများအခမဲ့ဖြန့် ဝေခြင်းကို လှည်းတန်းလမ်း၊ လှည်းတန်းဈေး နှင့်လူစည်ကားနေရာများတွင် ယနေ့ နံနက် (၈:၀၀) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 03,2020
တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက  ရွေ့လျားစာကြည့်တိုက် ယာဉ်ဖြင့် ပြည်သူများထံ အသိပညာဗဟုသုတရရှိ‌စေရန်ရည်ရွယ်၍ ယနေ့နံနက်က ကျေးတော ၊ မဟင် ၊ အိုင်သုံးဆင့်  ကျေးရွာ၌ စာအုပ်စာစောင်ငှားရမ်းခြင်းနှင့် ကိုဗစ်-၁၉ ‌ကြိုတင် ကာကွယ်‌ရေး အသိပညာ‌ပေး လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း‌ သိရသည်။
Sep 03,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအရေးပေါ် တုံ့ပြန်ရေးကော်မတီမှ VICTORY အရက်ချက်စက်ရုံအားစက်တင်ဘာလ(၃)ရက်နေ့ နံနက်(၁၀) နာရီအချိန်၌ စတင် စစ်ဆေးခဲ့ကြောင်း  သိရသည်။