ဟိုပန် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊ ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်၊ စည်းကမ်းချက်များကို ဟိုပန်မြို့နယ်ရှိပန်လော့ကျေးရွာသို့ ကွင်းဆင်းပြီး လက်ကိုင် အသံချဲ့စက်ဖြင့် လိုက်လံ၍ အသိပညာပေးဆော်ဩရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ကျေးရွာအတွင်းရှိ မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက မဖြစ်မနေ နှာခေါင်း စည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း လက်ကို စက္ကန့် နှစ်ဆယ် ကြာအောင် ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် ၊ ရောဂါပိုး ကူးစက်ခံထားရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံး သွားရောက်၍ ကျန်းမာရေးစစ်ဆေးမှုများ စနစ်တကျခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအား အကြိမ်ပြည့်ထိုးနှံကြရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်၊ စည်းကမ်းချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်
နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြပရန်စသည့်အချက်များကို လက်ကိုင် အသံချဲ့စက်ဖြင့် လိုက်လံ၍ အသိပညာပေး နှိုးဆော် ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)