ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အိုမီခရွန်အကြောင်း သိကောင်းစရာအသိပညာပေး(Talk Show)ဆွေးနွေးပွဲပြုလုပ်

ကမမောင်း    ဒီဇင်ဘာ  ၁၀

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်"အိုမီခရွန်" နှင့်ပတ်သက်၍ ပြည်သူများ သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍ အိုမီခရွန်အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ယဉ်ယဉ်‌အေးက Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း‌ ပြောကြားပြီး ဖာပွန်ခရိုင် ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က အိုမီခရွန်အကြောင်း သိကောင်းစရာများ၊ ဗိုင်းရပ်စ်သစ်တွေ့ရှိကြောင်း WHOကြေညာချက်၊ အိုမီခရွန်ရောဂါလက္ခဏာများ၊ ပြည်ပနိုင်ငံများနှင့် အိုမီခရွန်၊ အိုမီခရွန်၏ထူးခြားသောအချက်များ၊ မိမိကိုယ်ကိုကာကွယ်ရမည့် အချက်များကို Online မှ တစ်ဆင့် အသိပညာပေးဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)