ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ် အမြော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှု တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ယမန်နေ့ ညနေပိုင်းပိုင်း ၃ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နှိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ စာရေးဆရာ မောင်မင်းစိုး၏ လူငယ်နဲ့အပြောင်းအလဲ ခေါင်းစဉ်ပါစာအုပ်မှ ဘဝနေနည်း လမ်းညွှန်ဆောင်းပါး များ၏ အကြောင်းအရာများဖြစ်သည့် တန်ပြန်သက်ရောက်မှုများ၊ လူငယ်နှင့်ပရဟိတစိတ်ဓာတ်၊ သံသရာခရီးသည်၊ စာရိတ္တမဏ္ဍိုင် စသည့်ခေါင်းစဉ်ပါ ဆောင်းပါး အကြောင်းအရာပါများအား စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ အဖွဲ့ ဝင်တစ်ဦးချင်းစီအလိုက် အလှည့်ကျ တစ်ပုဒ်စီဖတ်ကြားပြီး ဆောင်းပါးပါ အကြောင်းအရာများကို မိမိတို့၏ ထင်မြင်ယူဆ ချက်များ တွေးခေါ်မှုများအား အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး