ဘောဂလိ ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘောဂလိမြို့ ဒုတိယဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အကြောင်းကို ဘောဂလိမြို့ရှိ အားကစားဝါသနာပါသူ ဦးစည်သူဖြိုးနှင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဆွေးနွေးရာတွင် အေးမြသောဆောင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ အားကစားလုပ်ရန် အသင့်တော်ဆုံး အချိန်ဖြစ်ကြောင်း၊ မနက်စောစောထလမ်းလျှောက်သင့်ကြောင်း၊ အားကစားပွဲများ ကို ကျင်းပပေးရန် မြို့အုပ်ချုပ်ရေးမှူးနှင့် တိုင်ပင်ဆွေးနွေးသင့်ကြောင်း၊ အေးသောရာသီဖြစ်၍ လှုပ်လှုပ်ရှားရှားနေမှ ကျန်းမာမည်ဖြစ်ကြောင်း၊ နောင်လာမည့်ကရင်နှစ်သစ်ကူးအတွက် နှစ်သစ်ကူးအကြိုဘောလုံးအားကစားပြိုင်ပွဲ ကျင်းပရန် စသည့် အချက်များဖြင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘောဂလိ (ပြန်/ဆက်)