ရှမ်းရွာသစ် ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသောစာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေ ရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာခင်မောင်ညို(ဘောဂဗေဒ)ရေးသားသော "ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွဲ့က လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန် အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့် တစ်ဦးအပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယခုဆွေးနွေး သည့်စာအုပ်သည် စာပေချစ်သူများအနေဖြင့် ဖတ်သင့်သည့် စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ စာပေဝါသနာရှင်များက "ဘဝတစ်လျှောက်အောင်မြင် ပျော်ရွှင်နည်း" စာအုပ်တွင်ပါရှိသည့် "ငြိမ်းချမ်းပျော်ရွှင်ရေးနည်းလမ်းခုနှစ်သွယ် "လူမှုဆက်ဆံရေး အခြေခံမူများ" ခေါင်းစဉ်တွင်ပါရှိသည့် အကြောင်းအရာစာစုများကို အကျဉ်းချုပ်အပြန်အ လှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့