ကမမောင်း ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာများရေးသားထားသော "စိမ်းလန်းသော တောင်တန်းများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်အေးက လူငယ်များ အနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာ ဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများ အချင်းချင်း တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့်စာအုပ်သည် လူငယ်များ အနေဖြင့် ဖတ်သင့်သည့် စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်း ပြောကြားပြီးနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာပေဝါသနာရှင်များက ကျွန်ုပ်၏တစ်သက်တာမှတ်တမ်း၊ စိတ်၊ သူတစ်ပါးကိုအားကျခြင်း၊ လူ့စိတ်ထား၊ ကောက်ရိုးသင်္ခါရနှင့်သံသင်္ခါရ စသည့် စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို အကျဉ်းချုပ် အပြန် အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)