စဉ့်ကိုင် ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန စဉ့်ကိုင်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် Online ဝန်ဆောင်မှု စနစ်ဖြင့် စာအုပ်မိတ်ဆက်ခြင်း နှင့် ပုံပြင်ပြောခြင်းအစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးသီက စာဖတ်ပရိတ်သတ်များအတွက် ဗဟုသုတရရှိစေရန် စာရေးဆရာ မောင်မောင်ညွန့်လှိုင် ရေးသားသည့် ကျွန်မ စာတက်ချင်သည်နှင့် အခြားဝတ္တုတိုများ စာအုပ်နှင့် ကျွန်တော့်အမျိုးလား ပုံပြင်တိုအားဆွေးနွေး တင်ဆက်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စဉ့်ကိုင်မြို့နယ်ရုံးအနေဖြင့် ပြည်သူဆီသို့ ရှေးရှုသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့်လည်း ပြည်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။
ညိုညိုဝင်း