သာယာဝတီမြို့၌ အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအသိပညာပေး နှိုးဆော်

သာယာဝတီ    ဖေဖော်ဝါရီ    ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေးနှိုးဆော်​ခြင်းကို သာယာဝတီမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုံးဘီးယာဉ်ဖြင့် လှည့်လည်၍ ယနေ့ နံနက်ပိုင်းက  Hand Speaker ဖြင့် မြို့ပေါ် ရပ်ကွက်များ အတွင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ရောဂါ ကူးစက်  ပြန့်ပွားမှုနှုန်း လျော့နည်း ကျဆင်းမှုရှိပြီး  အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိသည့် မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်နှံ့ငမှုကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ ပြင်ပမှ လာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီး တိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန်၊ ကာကွယ်ဆေးများကို လည်းတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်မှုအပြည့်အဝရရှိစေရန်၊ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက်အကြိမ်ရေပြည့်ဝစွာ ထိုးနှံပေးကြပါရန် အသိပညာပေး နှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)