Feb 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာကြည့်တိုက်သို့ မအားလပ်သဖြင့် မလာနိုင်သည့် စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှု ဉာဏ်များရင့်သန်လာစေရန်၊ အမှားနှင့် အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁ နာရီက ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။