နယ်ရုံးများ၏သတင်းများ

Feb 18,2022
စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ အောင်သင်း၏ “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူ မြို့နယ်ရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
Feb 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်တားဆီး ရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Feb 18,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ လူစည်ကားရာနေရာများရှိ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
Feb 18,2022
ယခုအခါတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ကိုဗစ်-၁၉ ရောဂါသည် မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်အဖြစ် ပြန်လည်ကူးစက်မှုနှုန်း မြင့်တက်လာခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင်လည်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ လူအသွားအလာများသည့် နေရာများဖြစ်သည့် တာမွေဗလီလမ်းဆုံ၊ တာမွေ(ယာယီ)စျေးရှေ့၊ ကျောက်မြောင်းလမ်းဆုံ၊ ကျိုက္ကဆံလမ်းနှင့် လမ်းဆက်လမ်း လမ်းဆုံနေရာ၊ မအူကုန်းလမ်းမကြီးတစ်လျှောက်၊ ဗညားဒလ လမ်းမကြီးတစ်လျှောက်၊ ကျားကွက်သစ်လမ်းမကြီးနှင့် သမိန်ဗရမ်းလမ်းမကြီး တစ်လျှောက် အစရှိသည့် နေရာများတွင် အသံချံ့စက်ဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီက လူစည်ကားရာ နေရာများဖြစ်သော မီးသတ်ရုံးရှေ့နှင့် မြို့မစျေးကြီးအတွင်းရှိ စျေးရောင်း စျေးဝယ်သူ အများပြည်သူများအား နှာခေါင်းစည်း များပေးဝေခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 18,2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင် ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာ ပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံ လမ်းခွ နေရာများ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Feb 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတရသစာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် မူးယစ်ဆေးဝါး အန္တရာယ်အသိ ပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ဘုရားငုတ္တိုရှမ်းစုကျေးရွာရှိ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းတွင် သွားရောက်ဆောင်ရွက်ခဲ့သည်။
Feb 18,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တောင်ငူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များကို ယမန်နေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော် ခြင်းများ ဆောင်ရွက်ခဲ့သည်။