Nov 02,2021
ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာ ကျောင်းများကို ၂၀၂၁-၂၀၂၂ပညာသင်နှစ် အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီးဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောက်တံတားမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်းနှင့် မူလတန်းကျောင်း (၅)ကျောင်းရှိ ပြီးကျောင်းအပ်နှံထားသူအားလုံး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။