ကျောက်တံတား ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ယနေ့ နံနက် (၈) နာရီအချိန်က ဘတ်(စ်)စကားမှတ်တိုင် များသန့်ရှင်းရေး ပြုလုပ်သည့် မှတ်တိုင်တာဝန် FMID Ecaux အဖွဲ့မှ ဝန်ထမ်းများက ခရီးသွား ပြည်သူများနားခိုသည့် မှတ်တိုင်များကို ပိုးသတ်ဆေးဖျန်းခြင်း၊ ဆပ်ပြာရည်များနှင့် သန့်ရှင်းခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ မှတ်တိုင်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းသည် ယခုလက်ရှိ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို တားဆီးနိုင်ရေးအတွက် အထောက်အကူပြုသည့် သန့်ရှင်းရေး ဆောင်ရွက်မှုဖြစ်သည့်အတွက် အများပြည်သူများမှ ကျန်းမာရေးနှင့်အညီ အနားယူစောင့်ဆိုင်းနိုင်ခြင်း၊ စိတ်ကြည်လင်အေးမြစေခြင်းများ ခံစားရကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)